Untitled Document
သီလတန်ဖိုး (အပိုင်း - ၁)
ကျွှန်တော်တို့ ငယ်စဉ်ကတည်းက လူကြီးမိဘ များ အခါကြီးရက်ကြီး များတွင် ဥပုဒ်သီလ ဆောက်တည် ကြသည် ကိုမြင်တွေ့နေ ကြပင် ဖြစ်သည် ။ ကျွှန်တော်ငယ်စဥ်ကလေး ဘ၀ ကို အမှတ်ရစရာ များထဲတွင် လူကြီးမိဘ များ ဥပုဒ်သီလ ဆောက်တည် ကြသည့် ကိစ္စ လည်းပါ သည်း ပါသည် ။
အမှတ်ရ သည့် ကိစ္စ က ရှက်ဖို့တော့ ကောင်းနေ သည် ၊ ဥပုဒ်သီလ ဆောက်တည် နေပုံ ကိုအမှတ် ရသည် ထက် ဥပုဒ်နေ့ တွင် အဖွား ဆွမ်း ခြိမ့်ပို့သဖြင့် ဟင်း ၄ - ၅ မျိုးချက်သည် ၊ ထိုကြောင့် အဖွား ဟင်းမျိုးစုံအောင်ချက်တတ် သော ဥပုဒ်နေ့ ကို ဥပုဒ် အကြောင်း မသိသေးကတည်း မျော်ခဲ့ ဘူးပါ သည် ။
်ငယ်စဥ်ကလေး ဘ၀ ကတော့ သီလယူလျင် ဆရာတော် တိုင်ပေးသည် ကိုလိုက်ဆို ၊ ပြီးလျှင်လျှောက် မဆော့ပဲ ငြိမ်ငြိမ် လေး ထိုင်နေ ဟု - သာသိခဲ့ ပါသည၊် ယခု လူလတ် ပိုင်းရောက် လာတော့ မှ သီလ ကိုအလွန် တန်ဖိုးကြီး မှန်းသီခဲ့ သည် ။
ငယ်စဉ် က အိမ်ကို ဆွမ်းခံကြွ သော ဦးဇင်းလေး ချပေးသော သီလ ကို ပေါ့ပေါ့လေး ခံယူစောင့် ထိန်းခဲ့ ဖူးပေမဲ့ - ယခု နားလည် တတ်တဲ့ အရွယ်ရောက်လာတော့ မိမိ စုဆောင်း ခဲ့သောအရာများ သည် ၊ ရွှေတုံးေ၇ွှခဲ များဖြစ်နေသောကြောင့် မိဘ ဆရာ သမား များ ကို အထူးကျေးဇူးတင် မိသည် ။
ဥပမာလေးတစ် ခုတင်ပြပါ မည် ၊
ယခင် က လူတွေ IQ အကြောင်းတော်တော် လေး ပြော ကြတယ် ၊ နောက် တော့ IQ မြင့် ပြီး သုံးမရ ဘဲ လမ်းဘေးရောက်နေတဲ့ လူတွေ တွေ ပေါ များလာတော့ EQ (Emotional Quotient ) ပါလို လာတယ်ဆို တာ သိလာ ကြပြီ ၊ နောက် တော့ IQ တွေ EQ တွေ မြင့် ကြလို့ အလုပ် အကိုင်တွေ အဆင်ပြေ ကြတယ် ။
ဒါပေမဲ့ ကိုယ်ကျင့်သီလ ချို့တဲ့ ကြတော့ မထိန်းချုပ် နိုင်ကြ ဘူး ။တိုးတတ်ဖွံ ဖြိုပြီး နိုင်ငံအတော်များများ မှာ ဥပမာ- ဂျပန် ဖြစ်ချင်တိုင်းဖြစ် နေကြတယ်၊
သီလ စောင့်ထိန်း ဖို့ သာမာန် မှာမလိုအပ်ဖူးလို့ ထင်ရပေမဲ့။ စမ်သပ်မူ တွေနှင့်တွေ့ကြို ရရင်တော့ သီလ မခိုင်တဲ့ လူ က ကျရှံးရတာပါပဲ ။
လောက ကြီးထဲ မှာ ကိုယ်ရ မဲ့ အမှတ် ကစာမေးပွဲ ဖြေသလိုပါပဲ- တရားမျှတပါတယ် ။ စစချင်း မှာ ကိုယ့်ကို အမှတ် ၁၀၀ အပြည်ပေးထား တယ် ၊နောက် မှာ မှားလို့ လျှော့ရင်း လျှော့ရင်း နှင့် အောင်မှတ်အောက် ရောက် ကုန်တာပါ ။
အဲ့ ဒါကြောင့် Moral Quotient(MQ) တွေ ရယ် Spiritual Quotient ( SQ ) တွေပါ လိုလိုအပ်တယ်လို့ သိလာ ကြတာ ။ ဒါတွေ က အခုမှ ကမ္ဘာမှာ တွေ့ ရှိချက်တွေ ပါလို့ ယနေ့ ခေတ် ပညာရှင်တွေ ကဘယ် လောက် ပြောပြော ဒါတွေ က လွန်ခဲ့ တဲ့နှစ်ပေါင်း ၂၅၀၀ ကျော် ကတည်း က မြတ်စွာ ဘုရားက ဟောပြီးသားပါ ။
ဆ၇ာတော် တစ်ပါးရဲ့ စကား နှင့် ယူပြောရရင် - ဗုဒ္ဓ ဘာသာ ဟာ သိပံ နည်းကျ တာမဟုတ် ဘူး - သိပံပညာကသာ ဗုဒ္ဓ နည်းကျတာလို့ ပြောရ မယ် ။ဘာလို လဲ ဆိုတော့ သိပံနှစ် က ဗုဒ္ဓဘုရား ပွင့် ပြီးမှ စလို့  အရမ်းနောက်ကျနေ လို့ ပါ ၊ သိပံ နှင့် ဗုဒ္ဓဘာသာ ဆက်စပ် မူ့တွေ များလွန်း ပါ တယ် ။
ဒီ အကြောင်းဆက် ရေးနေရင်တော့ ကျွှန်တော်ခေါင်းစဉ် ပြောင်းရတော့မယ် ၊ နောက်ကြုံမှ ပဲ ဆွေးနွေးကြတာ ပေါ့ ။
အခု ကျွှန်တော် တင်ပြ ချင်တာလေးက သီလ အကြောင်းလေးပါ ။ လူတွေ လိုက်နာ ကျင့်သုံး သင့်ပုံလေးတွေ ပါ ။
‘ကိသီလန္တိ စေတနာသီလ စေတသီကံသီလံ သံဝရောသီလံ အ၀ီတိကမော သီလန္တိ ’ ( လို့ ဘုရားဟော မှာ လာတယ် ဗျ ။ဒါ့ ကြောင့် စေတနာ သည် ၄င်း ၊ စေတသိတ် သည် ၄င်း သီလ မည်ပါသည် ၊ ထို့ အပြင် ပိတ်ဆို့စောင့်ရှောက်ခြင်း (သံ၀၇) နှင့် မကျုးလွန်ခြင်း (၀ီတိကမ) တို့သည် ၄င်း သီလမည် ပါ သည် ။
နောက် - အဲ့ ဒါတွေရဲ့ အကျယ် တွေ တင်ပြ ပါ့မယ်။ အခုဆွေးနွေ ချင်တာက စာရိတ္တ ပိုင်းနှင့် ၀ါရိတ္တ ပိုင်း ကို တင်ပြချင်တာ ။
ပြုကျင့်အပ် သည် ကို ဖြည့်စည်းပြုကျင့်ခြင်းကို စာရိတ္တ သီလမည်ပါတယ်။
တားမြစ် အပ်သော ကိစ တို့ကို မကျုလွန်ခြင်းသဘောကို ၀ါရိတ္တသီလ မည်ပါတယ်။
လူမူပတ်ဝန်းကျင် မှာလိုက် နာအပ် -ဥပမာ ၊ မိတ်ဆွေ အပေါင်း အသင်းနှင့်တွေ လျှင် မိတ်ဆွေ ကျင့်ဝတ် ၊ မိဘနှင့် နေ လျှင် သားသမီးဝတ် ၊ မိဘနေရာ ရောက် နေလျှင် မိဘ၀တ် ၊ ဆရာ နေရာနေ လျှင် ဆရာဝတ် ၊ စသည် ဖြင့်မရေမတွက် နိုင်သော ၀တ္တရား တို့သည် စာရိတ္တ သီလ နှင့် အကုန် အကျုံးဝင်သည် ။ မိတ်ဆွေ ၀တ်မဆောင့် စည်း သော သူကိုလောက ကြီး ကပြော
ကြ သည် ( သူ အကျင့် မကောင်းဘူး ) ၊ လူငယ် တွေကတော့ မကြိုက်ဘူး (မမိုက်ဘူး ) ဟု ပြောကြသေးသည် ၊
တာဝန် ၊ ၀တ္တ၇ား အဲဒါတွေဟာ စာရိတ္တ သီလ ဘောင်ထဲ အကုန် ၀င်ပါသည် ။ ခတ် ပေါ့ပေါ့ပြောရလျှင်တော့ ကျင့်ဝတ် ၊တာဝန် ၊၀တ္တရား ၊စည်းကမ်း မလိုက်နာ ရင်တော့ စာရိတ္တသီလချိုးဖောက် တာပါ ဘဲ ။
မြန်မာမူ့ နယ်ပယ် တွင် မင်္ဂလာဆောင် သည်ကိုပင် မိဘတို့ ၀တ္တရားရှိသည် နှင့် အညီဟု ဆိုကာ ၀တ္တရားစောင့် ထိန်းမူ
အပိုင်းကို တန်ဖိုးထားကြပေသည် ။
လူ အချို့ တွင် အကျင့်ရှိကြသည် ။ ငါ့လုပ်တာမှားမှ မမှားဘဲ ဆို ပြီး ကိုယ်လုပ်ချင်တာကိုဘဲလုပ်ပြီး ပတ်ဝန်းကျင်ကို
မေ့ နေတတ်ကြသည် ။(ပတ်ဝန်းကျင် နှင့် ညှိနှူိင်းစဉ်းစား မူ့အားနည်းခြင်းဖြစ် သည် )
ဥပမာ - မိုးတွင်းတွင် လမ်းထဲ ရေ၀င်သဖြင့် မိမိ အိမ်ရှေ့ မြေဖို့ လိုအပ်သည် ၊ ဖြစ်သင့်သည်မှာ-
လမ်းထဲ ရှိလူအားလုံးကိုအစည်းဝေးခေါ်။ လူကြီး များနှင့် တိုင်ပင် အားလုံးထောင့်စေ့ အောင်လုပ်ရန် ဖြစ်သည် ။
ယခု လုပ်လိုက်ပုံ က မိမိအိမ် ရှေ့ခတ်မြင့်မြင့်လေး မြေ၀ယ်ဖို့လိုက် သည် ၊ မိမိ ကတတ်နိုင်သည် ။ဘယ်သူ ငါ့ ကိုလာ ပြောမည်လဲ ဒီလမ်းထဲ တွင် ငါ့လောက် ချမ်းသာသူမရှိဘယ်သူ့ မှဂရုစိုက် စရာမလို( ဒီလို တွေး ကာလုပ်ချင်တာလုပ်ခဲ့ ဘူးပေါင်းများလေ ပြီ ။)
ယခု လိုလုပ် ခြင်းကြောင့် မိုးတွင်း ရေ၀င်တော့ သူ့ အိမ်ရှေ့ က မြင့်နေသောကြောင့် သူတော့ အဆင်ပြေ နေသည် ၊
ဒါပေ မဲ့ တစ်နေရာထဲ ကွက်မြင့်နေ သဖြင့် သူ အိမ် ဘေးခြမ်းမှစ ဤ တာဖို့သ လိုဖြစ်ကာ ရေ မဆင်းတော့ပဲေ၇အိုင်ဖြစ်ကာ လမ်း တစ်ဝတ်လုံးပျက် သွား သည် ။
ထို ပုဂ္ဂိုလ် စာရိတ္တ ချို့တဲ့ သည် ဟု မည်သူ မှမတွေး မိပါ -
အမှန် တော့ရပ်ကွက် ထဲနေ လူကျင့်ဝတ် မဆောင့်စည်း ၊ လမ်းထဲနေ စည်းကမ်း မလိုက်နာ ခြင်းသည် -ဤပုဂ္ဂိုလ် စာရိတ္တ ချို့တဲ့ ခြင်းပင် ဖြစ်သည် ။
အချို့ က ပြော ကြသေးသည် စည်းကမ်း ၊ ကျင့် ၀တ်တွေ ဘာလိုက်နာ စရာလိုမည်လဲ ကျွှန်တော့ မှာပြန်ပြော စရာစကား မရှိ ၊ ဘာဖြစ် လို့လဲ ဆိုတော့ အားလုံးနီးပါး ဒီလို နားလည်ထားကြသည်ကို ။
စည်းကမ်း တစ်နည်း ကျင့်ဝတ် အဆင့်မြင့်မြင့်ပြောလျင် စာရိတ္တဟာ တစ်ဦး ခြင်းအတွက် မသိသာပေမဲ့ အများအားနှင့် ကြတော့ သိသာ သည် ။တစ် ဦးခြင်း လိုက် နာကြလျင် အားလုံး ကောင်းသွားပေလိမ့်မည် ။
ထင်ရှားသည့် ဥပမာ ပြ ရလျင် ။
အရှေတောင်အာရှ ၅ နိုင်ငံက လွဲ လျင် ကျန်နိုင်ငံများမှာ ဘာသာခြား များသည် ။ယင်းနိုင်ငံသားများ သည် ‘ ငါးပါးသီလ‘ မကြားဖူး ပါ ၊ ဒါပေ မဲ စည်းကမ် ရှိသည် ။ သူတို တိုင်းပြည်ကိုကောင်းအောင် တည်ဆောက်ထားကြသည် ။ ကျွှန်တော် တို့တိုင်းပြည် တွင် မူ လမ်းပျက်များ လက် ညိုးထိုး မလွဲ ရှိပါ တယ် ၊ ဟောင်း နေ လို့ မကောင်းခြင်းလဲ ပါသည် ။
အသစ်ဆက်ဆက် ဖဲကြိုး မဖျတ် ခင် ကတည်း က ပျက်နေသည် တွေလည်း ပါသည် ။ စဉ်းစား ကြရန်လို အပ်ပါသည် ။
သီလ ကို ခဏ ထားလို့ ကျင့်ဝတ် စာရိတ္တ သီလ အရင်ထိန်း ရန်လိုပါသည် ။ဘာသာခြားများ သည် သီလ အစရှိသည် တို့ ကို နားမလည် ။သို့ပေမဲ သူတို့ သည် ကျင့်ဝတ်ကိုလိုက်နာကြသည် ။
သူတို့ကိုကြည့် လိုက်သည်နှင့် စည်းကမ်းရှိမှန်း သိသာသည် ။ အမှန်တော့ စာရိတ္တသီလ ကောင်းခြင်း ဖြစ် သည် ။ အတုယူ သင့်လှပေသည် ။
၅ ပါး သီလ ၊ ၈ပါး သီလ စသည် တို့ စောင့်ဆည်းလိုက်နာခြင်း ကို ၀ါရိတ္တ သီလမည်ပါ သည် ။ သီလ သဘောကို သေသေခြာခြာ နားလည် သဘော ပေါက်ပြီး လိုက်နာစောင့်ထိန်း မယ် ဆိုရင် အထက်မှာတင်ပြ ထားခဲ့ တဲ့ IQ,EQ ,MQ,SQ တွေမြင့် တင်ရုံတင် မက နိဗ္ဗာန်တိုင်အာင်အ ကြိုး ပေးပါသည် ခင်ဗျာ ။
သီလ -၏ ( လက္ခဏ ၊ ရသ ၊ပစပဠာန် ၊ ပဒဠာန် )
လက္ခဏ- သိကြောင်း အမှတ်အသား
ကာယကံ ၊ ၀စီကံ တို့ကို ဖရို ဖရဲ မဖြစ်စေဘဲ ကောင်းစွာထားခြင်း ၊
ကုသိုလ်တရားတို့ ဧ။် တည်ရာဖြစ်ခြင်းတို့ သည် သီလ ဧ။် လက္ခဏ ဖြစ်ဧ။်
ရသ - ပြုဖွယ် ကိစနှင့် ပြည့် စုံခြင်းဂုဏ်
သီလသည် သီလမရှိ သူဟူသော ဒုသီလ မူ့ကိုဖျက်စီးတတ်သော အလုပ်ကိစ ရှိဧ။် (ကိစ ရသ ဟုခေါ်သည် ) ၊ ပညာရှိ တို့ မကဲ့ရဲ့တတ်သောဂုဏ် (သမတ္တိ ရသ ဟုခေါ်သည် ) လည်းရှိ သည် ။
ပစ္စုပဠာန် - ပြုဖွယ်ကိစဧ။် အကျိုး ၊ရှသူဧ။် ဥာဏ်တွင် ထင်သော အခြင်းအရာ ၊
သီလသည် ကာယဒွါရ ၊ ၀စီဒွါရ ၊ မနော ဒွါရ တို့ တွင်စင်ကြယ်သောသူ ဧ။်အဖြစ်ဖြင့်
ရှမြင်သူတို့ဧ။် ဥာဏ်အား ရှေးရှထင်ဧ။် ။
ပဒဠာန် - ဖြစ်ပေါ်ရန် နီးကပ်သော အကြောင်းအရာ
မကောင်းမူ ပြုရန် ရှက်ခြင်းကြောက်ခြင်း ဟိရီ သြတ္တပ တို့ ရှိ မှသာ ၊ သီလသည် ရှိဧ။်ဟိရီ သြတ္တပ တို့ မရှိသော် သီလ မတည်နိုင် ပါ ။
ု
် သီလ ပျက်စီးသူ (သီလ မရှိ )သူတို့ ရရှိအပ်သော အပြစ် ၅ပါး
- သီလ ပျက်စီးသူ သည်မေ့လျှော့ပေါ့ ဆသောကြောင့် များစွာသောစည်းစိမ်တို့ ဆုံးရှံးဧ။်
၊ မကောင်း သောကျော်စော သီတင်းသည် ပျံ့ နှံ့ ထွက်ဧ။် ၊
- မင်းပရိတ်သတ် (အစိုးရ )၊ ပုဏ္ဏားပရိတ်သတ် (ပညာရှိ ) ၊ သူကြွယ် ပရိတ်သတ် တို့ ဧ။်
အလယ်သို့ ချဉ်းကပ်သော် ကြောက်ကြောက် ရွှံရွှံ မျက်နှာ ညှိးငယ်လျက် ချဉ်းကပ်ဧ။် ။
- သီလ ပျက်စီးသူ သည် တွေတွေ ဝေေ၀ဖြစ်လျက်သေ ရဧ။် ။
သေပြီး နောက် မကောင်းသော လားရာ ငရဲသို့ ကျရောက် ရာဧ။် ။
သီလစောင့်ထိန်း သောကြောင့် ရသော အကျိုး ၅ပါး
- သီလစောင့်ထိန်း သောသူသည် မမေ့လျှော့ခြင်းကြောင့် များစွာသောစည်းစိမ် ကိုရဧ။် ၊
- ကောင်းသော ကျော်စောသီတင်းသည် ပျံ့နှံ ထွက်ဧ။် ၊
- မင်းအစ ရှိသော ပရိတ်သတ် ၃ပါးတို့ အလယ်သို့ မကြောက်မ၇ွှံ မျက်နှာ မညှိးငယ်ဘဲ ချဉ်းကပ်ရာဧ။် ၊
- တွေဝေခြင်းမရှိဘဲ သေ တတ်ဧ။် ၊
- သေပြီးနောက် တွင်လည်းကောင်းသောလားရာ နတ်ပြည် တွင်ဖြစ်ဧ။် ။
ဤကား သီလစောင့် ခြင်းဧ။် ကောင်းကျိုး များဖြစ် ပါ သည် ။
( ဆက်လက် တင်ပြ ပါမည် )
မိတ်ဆွေ သူငယ်ချင်းများ အားလုံး ကျန်းမာရွှင်လန်းကြပါစေ ။
ခင်မင်စွာဖြင့်
(ကျော်မင်းဦး)
ကျမ်းကိုး
ဒီဃ နိကာယ် ၊ မဟာဝဂ် ပါဠိတော် ၊မဟာပရိနိဗ္ဗာန သုတ်
ဝိသုဒ္ဓိမဂ်
kyaw min oo
သီလ တန်ဖိုး အပိုင်း (၂)
Posted by kyaw min oo on August 1, 2010 at 8:30pm
View kyaw min oo's blog
သီလ တန်ဖိုး (အပိုင်း - ၂ )
ကျွှန်တော် ယခု ဆက်လက်တင်ပြခြင် တဲ့ အကြောင်း အရာကတော့ သီလ စောင့်ထိန်းခြင်းဖြစ် နိဗာန် တိုင် ဘယ်လို ကျေးဇူး ပြု နိုင်သလည်း ၊ ရဟန်း သံဃာတော် တွေ စောင့်ထိန်း တဲ့ သီလအကြောင်းတွေ နှင့် ဗုဒ္ဓဘာသာဝင် တွေ သိသင့် သိအပ် တဲ့ အချက် အလက် များ ကို ဆက်လက်တင်ပြ ပါ့မည် ခင်ဗျာ ။
ရှေးဦးစွာ တင်ပြလိုတာ ကတော့ ကျမ်းပြု အကျော်ဆရာတော် ရှင်မဟာ ဗုဒ္ဓဃောသ ရေးဖွဲ တော်မူ ခဲတဲ့ သီလ၏ အကျိုး အာနိသင် များပဲ ဖြစ်ပါတယ် ။အရှင်မဟာ ဗုဒ္ဓဃောသ ဆိုတာ ကျွှန်တော် တို့ မြန်မာဗုဒ္ဓဘာသာတိုင်း ရွတ်ဆို နေတဲ့ သြကာသ ကန်တော့ချိုး ကိုရေး စပ်တော် မူခဲ့တဲ့ သီဟို က ကျမ်းပြုဆရာတော် အကျော်အမော် ပါ ။
၁-သာသနာတော် အတွင်းတွင် အမျိုးကောင်း သား / သမီး တို့ သည် သီလ မှတစ်ပါး ထောက်တည်အားထားရာ မရှိ ။
၂-သီလ၏အကျိုးထူး အပိုင်းခြား ပမာဏကို မည်သည့်တရားဟောပုဂိုလ် မျှကုန်အောင်မဟောနိုင်ပေ
၃-သတ္တ၀ါတို့ ၏ ရာဂ အစရှိသော အညစ်အကြေ တို့ ကို သီလ ရေစင်ဖြင့်သာ စင်ကြယ် အောင်ဆေး
ကြောနိုင် ၏ ။ဂင်္ဂါ ၊ ယမုံနာ ၊ သရဘူ ၊ အစိရ၀တီ ၊မဟီ ( အစရှိမြစ်ကြီး ငါးသွယ် ) တို့  မှရေတို့ ဖြင့်မဆေး ကြောနိုင်ပေ ။
၎-့  ရာဂ အစရှိသော အညစ်အကြေးတို့ ကို မိုးရေ နှင့် တကွသောရေ ၊လေ၊ စန္ဓကူး နံသာ ၊ပုလဲသွယ်။
မြကျောက် ၊ လမင်း ၏အေးမြသော ရောင်ခြည်ညွန့်  တို့ ဖြစ် မအေးငြိမ်းနိုင်ပါ ။ ဖြုစင်အောင်
ကောင်းစွာစောင့် ထိန်းထားသော စင်စစ်အေး မြသည့် သီလ ဖြင့်သာ ရာဂ အစရှိ သော အပူတို့  ကို ငြိမ်းအေးစေနိုင်သည် ။
၅- သီလတည်း ဟူသော နံ့ သာ နှင့် တူသည့် လေအောက် ၊လေညာ ကြိုင်လှိုင် သင်းပျံ့ နိုင်သောနံ့ သာ မည်သည် ဘယ်မှာ ရှိနိုင် အံ့နည်း ။
၆- သီလနှင့် တူသော နတ်ပြည် သို့ တတ်ရန်စောင်းတန်းလှေကား ဘယ်မှာ ရှိအံ့နည်း ။ နိဗာန်ေ၇ွပြည်သို့ ဝင်ရန် အတွက်လည်း သီလ နှင့်တူသော တံခါး ပေါက်ဟူ သည် အခြားမရှိ ချေ ။
၇- သီလ တည်းဟူသော အဆင်တန်ဆာဖြင့် ကောင်းစွာဆင်မြန်းအပ်သော ရဟန်းတို့  တင့်တယ်ကဲ့ သို့  ပုလဲ ၊ ပတ္တမြား တို့ ဖြင့်တန်ဆာ ဆင်အပ်သောမင်းတို့ သည် မတင့်တယ်ကြကုန် ။
၈- သီလပြည့် စုံသူတို့ သည် မိမိကိုယ် စွပ်စွဲခြင်း ၊ကဲရဲ့ခြင်း ၊မင်းဘေးသင့်ခြင်း၊ အပါယ်ဘေးသင့်ခြင်း ဟူသောဘေးလေးဘေး တို့ မှကင်းလွတ် ၏ ကျော်စော ခြင်းရွင်လန်းဝမ်းမြောက်ခြင်းကိုဖြစ်စေ
သည် ။
၉-လောကီ ၊လောကုတရာ ဂုဏ်ကျေးဇူး အကျိုးထူးတို့ ၏ အခြေခံ အကြောင်းအရင်းဖြစ်ခြင်း ၊ ကိလေသာအပြစ်တို့ ၏ လွန်ကျူးခြင်းကို ဖျက်ဆီးတတ်ခြင်း စသည် တို့ သည် သီလ၏ အကျိုး အာနိသင်များ ဖြစ်ကြပေသည် ။
ဒုသီလ ခေါ် နှစ်ပါးစီ အပြားရှိသောသီလ
၁ - စာရိတ္တသီလ နှင့်ဝါရိတ္တသီလ (အပိုင်း ၁- တွင် ဖော်ပြပြီး )
၂ - အဘိသမာ စာရိက္တသီလ နှင့် အာဒီ ဗြဟ္မစရိယသီလ
ထူးမြတ်သော မဂ်ဖိုလ် အကျိုးငှာ စောင့်ထိန်းအပ် -ငယ်သော သိကာပုဒ် တို့ ကို အဘိသမာ စာရိက္တသီလ နှင့် ကြီးသောသိကာပုဒ် တို့ ကို အာဒီ ဗြဟ္မစရိယသီလ မည်သည် ။
၃- ၀ိရတီ နှင့် အ၀ိရတီ သီလ
ရှောင်ကျင်ရုံမျှ သဘော ၀ိရသီ သီလ မည် ။ ၄င်း မှ ကြွင်းသော စေသနာ အစရှိ သည်တို
နှင့် စပ်လျက် ရှိသောသီလ တို့ ကို အ၀ိရတီ သီလ ဟု မည်၏ ။
၎ - နိသိာတသီလ နှင့် အနိသိာတသီလ
နတ်သား ၊ နတ် သမီး ၊ သိကြားမင်း စသည် ဖြင့် ဘ၀ တဏှာ ကိုမှီ သော သဘော ဖြင့်စောင့် သောသီလ ကို နိသိာတ သီလ မည်၏ ။
အကြင်သီလဖြစ် သံသရာမှ စင်ကြယ် စေရန်စောင့် သောသီလ သည် အနိသိာတသီလ မည်၏ ။
၅ - ကာလပရိ ယန္ဒသီလ နှင့် အပရိယန္ဒသီလ
၆ - သပရိယန္ဒသီလ နှင့် အပရိယန္ဒသီလ
၇ - လောကီသီလ နှင့် လောကုတရာ သီလ
တိကသီလ ခေါ် သုံးပါးစီ အပြားရှိသော သီလ ၆ မျိုး
စတုသီလ ခေါ် လေးပါး စီ အပြား ရှိသော သီလ ၄ မျိုး လည်း ရှိသေးသည် ။
ယခု အကျယ် တင်ပြလိုသည်က စတုသီလ ထဲမှ -
၎-ပါတိမောက္ခ သံဝရ သီလ ၊ က္ကုန္ဒြိယ သံဝရ သီလ ၊ အာဇီ ၀ပါရိ သုဒိသီလ ၊ ပစ္စယသန္ဒိသိာတသီလ - အကြောင်းတို့  ဖြစ်ပါသည် ။
တိက ၊ စတု သီလ များစွာ အနက် ကမှ ယခု ပါတိမောက္ခ အစရှိ တဲ့ သီလ အကြောင်းကို ဘာလို့ ရွေးတင်ပြ ရသလဲ ဆိုတာ - ကျွှန်တော့် မှာ အကြောင်းပြချက် ရှိပါတယ် ။ ဘာလို့ လဲဆိုတော့ -ကျွှန်တော်တို့ ကလေးနက်ထဲ့ ဗုဒ္ဓဘာသာဘ၀ ရရှိ ခံယူ ထားကြ လို့ ပါ ဘဲ ။ ဒါပေမဲ အချို့ ကတော့ဘာသာရေး သိပ်မသိကြ သလို ၊ ဒီိအသက် ဒီအရွှယ် နှင့် မလိုသေးဘာဘူး လို့  ထင်ကြ တဲ့ သူတွေ က လည်းဒုနှင့်ဒေး ပါ ။
နောက် ဒီထက်ဆိုးတာ က သံဃာတော် တွေနှင့် ပတ်သက်ပြီး မသိတာတွေများနေတာပါ ပဲ ။ ကျွှန်တော် ဒီလို ပြောတာ ဘုန်းကြီးကျောင်းသားလည်း မဟုတ်ပါဘူး ။ သံဃာတော်တွေ ကို ကြည်ညိုတတ်စေ ဖို့ အတွက်ဖြစ်ပါတယ် ။
မိမိ တို့ ကိုးကွယ်တဲ့ အိမ်ကိုဆွမ်းခံကြွှတဲ့ ဦဇင်း ကလေးက အစ ဆရာတော်ကြီးမျာ အထိစောင့်ထိန်းသော ၂၂၇ ပါးသောသိက္ခာ ပုဒ် ကိုနားလည် ကြည်ညိုတတ်စေ ၇န် ဖြစ်ပါသည် ။
လူတစ်ချို့  က- မိမိ တွေ ဘူးမြင်ဘူးတဲ့ ၇ဟန်းသံဃာ အချို့ အနေအထိုင် မှားသည်ကိုထောက်ပြ ပြီး-အပြစ် ပြောချင်ကြသေး သည် ။ စာသင် ကို၇င်လေးများ အညောင်းပြေ ဘောလုံးကန်၊ ညပိုင်း စာကျက်သောကြောင့် ညဘက်အချိုန်လွန်တော့ ဆာလောင် သဖြင့် ညဂျင်း ရံဖန်ရံခါ လက်ဖက် ၀ယ်ယူ ဘုန်းပေး သည် ကိုပင် အပြစ် မြင်တတ် ကြသေး သည်။
ဒေသနာကြား ကာဆေး ကြောတတ် ပုံ ကိုကားနား မလည် ။ကုစား လို၇သော အပြစ် နှင့် ကုစား လို့ မ၇သော အပြစ် တွေ အကြောင်းကား မသိ ။ စေတနာ မပါသော ဝေဖန်ပြောဆိုမူ့ တွေ များနေတတ်သည် ။ဝေဖန် ရုံသက်သက် နှင့် တစ်ပါး သူတို့ အကြည် ညိုပျက် ရုံသက်သက် သာ ဖြစ်သည် ။
မိမိ အပြစ်တင်လိုသည့် သဘော ဖြင့် ပြောဆိုဝေဖန် ပြစ်မှား မိသော ကို၇င် ၊ ဦိးဇင်းက တစ်ကယ့် အလုပ် ဖြစ်တဲ့ (သင်ခြင်း ၊ ကျင့်ခြင်း ) တွေကိုလုပ်နေတဲ့ ပုဂ္ဂိုလ် ဖြစ်နေ၇င် သံဃာဂိုဏ်း သင့် ပေလိမ့်မည် ၊၀ိပသနာ ဥာဏ်စဉ် တစ်ခုခု ကိန်းနေ သော ပုဂ္ဂိုလ် ဖြစ်နေလျင့် မဂ်တား ၊ဖိုလ်တား (အရိယူ ၀ါသကံ ထင်ပါသည် ) ထိုက်လိမ့်မည် ။
ထို့ ကြောင့် ကိုယ်ကသံဃာတော် နှင့် မလျှော်တာ တွေ လို့  - လျှောက်ထားချင်တောင်မှ ဘာကြောင့် ဖြစ်ရတာ လည်း သေသေခြာခြာ စုံစမ်းပြီး မှမေးမြန်း လျှောက်ထား သင့်ပါတယ် ။ သံဃာ တစ်ပါး တစ်လေအနေ အထိုင် မသင့်လျှော်တာမြင်ရုံနှင့် ကျန်သံဃာများ ကိုပါရောပြီး မပြစ်မှား စေလိုပါဘူး ။ သံဃာ့ဂုဏ် ကို မြင်ပြီး ကြည်ညို တတ်စေ ချင်တာပါ ။
(က) ပါတိမောက္ခ သံဝရ သီလ
သာသနာတော် အတွင်းရှိ ၇ဟန်း သည် ပါတိမောက်လာ သိက္ခာပုဒ် တို့ ကို စောင့် စည်း၏ ၊
အာစရ ဂေါစာရ နှင့်ပြည့်စုံ ၏ ၊ မြုမုံန် မျှ လောက်သော အပြစ် တို့ ကို ဘေးဟု ဆင်ခြင်၏ ၊သိက္ခာပုဒ် တို့ ကို ဆောက်တည်၏. ၊ ထိုသီလကို ပါတိမောက္ခာ သံဝရ သီလ မည်ပါသည် ။
အာစာရ ။ဂေါစာရ ဆိုတာက -
အာစာရ - က မကောင်းသော အကျင့်ဆိုးတွေကို ရှောင်ကြင် ခြင်းကိုခေါ်တာ ပါ ။
ဥပမာ- ဘုရား ပညတ်အပ်သည့် သိက္ခာပုဒ်တော် တွေကို ကိုယ် ၊ နုတ် ဖြစ်လွန်ကျူုးခြင်း ။
သီလချိုးဖောက်ခြင်း ၊ဆေးဝါး စီ၇င် ခြင်း ၊ ဒါယကာတို့  ၏ အစေအပါးကို ခံယူခြင်း ၊ဗေဒင် ယတယာ
စသည့် သာသနာနှင့် မအပ်သည်တို့ ကိုပြုခြင်း အဲ့လို အကျင့် ဆိုးတွေကို အနာစာရ ဟုခေါ် ပြီး ယင်း
တို့ ကိုရှောင်ကျင်ခြင်းကို အာစာရဟုခေါ်တာပါ ။
ဂေါစာရ - က လျှောက်ပတ် အပ်သော ၊ သွားလာ အပ်သော အရပ် တွင်သွားလာခြင်းပါ ။
- အဂေါစာရ - အရပ်တွေက ပြည့်တန်ဆာ ၊ မုဆိုးမ ၊ အပျိုကြီး ၊ ဘိက္ခနီမ ၊သေဆိုင် ဟူသော ၆-ဌာန ပါ ။ (၄င်း နေရာတို့ ကို လှည့်လည် သွားလာ ခြင်းမပြုအပ် ပါလို့  တားမြစ်တော် မူပါတယ် )
- မင်း ၊မူးမတ် ၊ တိတိ (အယူ မှားသောသူ ) တို့ ကို အချင်းချင်း ပေါင်းသင်းဆက်ဆံသကဲ့ သို့ မဆက်ဆံ အပ်ပါ လို့  တားမြစ်တော်မူပါတယ် ။
- ကံ-ကံ၏ အကျိုး ကိုမယုံ ကြည်သူများ ၊ ရတနာ သုံးပါးကို မကြည်ညို သူများ ၊ရဟန်း -ဥပါသကာ တို့ ကို ဆဲရေးခြိမ်းခြောက် သူများ ၊ ဘေးရန် ဥပါဒ် လိုလားသူမျာ့း မဆက်ဆံ အပ်ပါ လို့  တားမြစ်တော်မူပါတယ် ။
- အထက် ပါကိစ္စ များအပြင် ၇ဟန်း အချင်းချင်း လိုက်နာဖွယ် ပြုဖွယ်ကိစ္စ များ ရှိသေးသော်လည်းစာရုသူ တို့  နှင့် မဆိုင်တော့
လို့  မတင်ပြတော့ ပါ ။
(ခ)က္ကုန္ဒြိယ သံဝရသီလ
တိုရဟန်းသည် မျက်စီဖြင့် ရူပါရုံ ကိုမြင်ကာ နိမိတ် အမှတ် ကိုမယူ ။ခြေလက် အင်္ဂါ စသော အနုဗျဉ္စန ကို မယူ ၊ စက္ကုနြေ္ဒ ကိုစောင့်စည်းသောကြောင့် အဘိဇျာ ၊ ဒေါမနသာ စသော ယုတ်မာသည့်အကုသိုလ် တရား တို့ သည် အစဉ် မလိုက်ကြကုန် ၊ စက္ကုနြေ္ဒ ကိုစောင့် ရှောက်၏ ။
ထို နည်းတူစွာပင် ……
နားဖြင့် အသံကို ကြားသဖြင့် နမိတ် အမှတ်က်ု မမှတ်တော့ ………
နှာခေါင်းဖြင့် အနံ့  နံ သဖြင့် နမိတ် အမှတ်က်ု မမှတ်တော့ ………
လျှာဖြင့် အရသာ ရ သဖြင့် နမိတ် အမှတ်က်ု မမှတ်တော့ ………
ကိုယ်ဖြင့် ထိတွေ သဖြင့် နမိတ် အမှတ်က်ု မမှတ်တော့ ………
စိတ်ဖြင့် အာရုံကြံ သဖြင့် နမိတ် အမှတ်က်ု မမှတ်တော့ ………မနိနြေ ၏စောင့်စည်းခြင်းသို့ ရောက်၏ ။
နိမိတ် အမှတ် ကိုမယူ ဆိုသည်မှာ ---- မိန်းမ ၊ယောကျာ်း ဟု သိကြောင်းဖြစ်သော အသွင်သဏန်
( မုတ်ဆိတ် ၊ ရင် ၊ တင် စသည့် အမှတ်နိမိတ် ၊ ရာဂဖြစ်ကြောင်း ကောင်းမြတ်လှသည့် တင့်တယ်သည့် အဆင်း စသော ကိလေသာ ပွားကြောင်း ) နိမိတ် အမှတ်ကို မယူဘဲ ။မျက်စိ ဖြင့်မြင်သည့် အတိုင်းသာတည် ၏ ။
အနုဗျဉ္စန ကို မယူ ဆိုသည်မှာ ------ကိလေသာတို့ ကို ထင်ရှားစေတတ်သော လက်ခြေ အမူမရာ ၊
ပြုံးခြင်း ၊ရယ်ခြင်း ၊တည့်တည့် ကြည့်ခြင်း ၊ တစောင်းကြည့်ခြင်း စသော အခြင်းအရာတို့ ကို မမှတ်ယူဘဲ ကိုယ်ကာယ တွင် ဆံပင် ၊မွှေးညှင်း အစရှိသော ၃၂ ပါးသောအစု တို့ ကို မြင်အောင်
မှတ်ယူခြင်းကို ဆိုလိုပါသည် ။
အခါတစ်ပါး -စေတိယတောင်တွင် သီတင်းသုံးသော မဟာတိသာမထေရ် ကြီးသည် ထို က္ကုန္ဒြိယသံဝရ သီလ ကို ဖြည့်ကျင့်၏ ။ အနုရာဝတီ မြို့ သို့ ဆွမ်းခံကြွှ စဉ် မိန်းမတစ်ယောက်နှင့် ဆုံ ၏ -ထိုမိန်းမ သည်ခင်ပွန်းလင် နှင့် ရန်ဖြစ်ပြီး ဆွေမျိုးအိမ်သို့  သွားစဉ် ရဟန်းတော် နှင့် လမ်းတွင်ဆုံသော် ရဟန်းတော်အား ရာဂ ဖြင့်ဖောက်ပြန်သောစိတ်ဖြင့် ပြင်းစွာရယ်မော ၏ ။
ရယ်သံ ကိုကြား သော် မထေရ်ကြည့် သောအခါ ထိုမိန်းမ သွားကိုမြင်လတ်သော် အရိုစု ဟူသောအမှတ် သညာကိုသာမြင်သည် ။ (လေ့ကျင့် စဲ က္ကုန္ဒြိယ သံဝရ သီလဖြင့် ) -အခြေပြုကာ ရှေးက လေ့ကျင့် ဖူးသော (အရိုးစုကမ္မဠာန်း ) တဖန် တစ်လဲလဲ အောက်မေ့၏ ။
ထို ခဏချင်းမှာ ပင် အရဟတဖိုလ် သို့ ရောက်၏ ။
ထိုမိန်းမ ၏ လင်ယောကျာ်း နောက်မှ လိုက်လာ ကာ ရဟန်းတော်ကိုမြင်သော် “ အရှင် ဘုရား တစ်စုံတစ်ယောက်သောမိန်းမ ကိုမြင်တွေ့ ပါသလား “ ဟုလျောက်သော် -အိုသူတော်ကောင်းဖြတ်သွားသောသူသည် မိန်းမ လား ၊ယောကျာ်းလား မသိ စင်စစ်သော်ကား အရိုးစုကြီးတစ်ခုသည်လမ်းမကြီး ပေါ် မှ သွားလေ သည် - ဟု မိန့် ဆိုပါသည် ။
ထို အကြောင်း အရာ တို ၏့ အကျယ်ကို နောက် အလျှင်းသင့် ပါက ဆက်လက်တင်ပြ သွားပါမည် ။
အရှင်စိတ္တမထေရ်သိရိလကာင်္နိုင်ငံ ကုရဏက လိုဏ်ဂူ တွင် အရှင်စိတ္တမထေရ် သီတင်းသုံး၏ ။ လိုဏ်ဂူ အတွင်းတွင် ၀ိပသီ ၊သိခီ အစရှိသော ဘုရားရှင် ၇ ဆူတို့  ၏ တောထွက်ခန်း ပန်းချီဆေးေ၇း ထားသည်မှာ ရှမြင်ရသောသူတို့ အားအလွန် မွေ့လျှော်ဖွယ်ရာ ဖြစ်သည် ။
ကျောင်းစဉ် လှည့်သော ရဟန်း တို့ ထိုပန်းချီကားများကိုမြင်တွေ့ သော် အရှင်စိတမထေရ် အား ဆေးရေးပန်းချီကားတို့ အကြောင်း လျှာက်ထားလေသည်၊ထိုအခါ အရှင်စိတမထေရ် က “ ငါ့ရှင်တို့ အနှစ်ခြောက် ဆယ်လုံးလုံး လိုဏ်ဂူ တွင် သီတင်းသုံးနေ သော်လည်း ပန်းချီကား ထို့ ရှိသည်ကို မသိပေ ၊ ယခုမူကား မျက်စေ့ ကောင်းကြသောငါ့ ရှင်တို့ ကို အမှီပြု ကာ
သိ ရပေသည် “ဟု မိန့် ပါသည် ။
မထေရ်မြတ်သည် ထိုမျှ ကြာရှည်စွာနေ ပါသော်လည်း မျက်စိ ကိုပင့် ကာလှိုဏ်ဂူ ကြီးကို မကြည့်ဖူးချေ ၊ထိုမျှမက ထိုလိုဏ်ဂူပေါက် ၀တွင် ဂန့် ဂေါ်ပင်ကြီးတစ်ပင် ရှိရာ မထေရ်ကြီးသည် ထိုဂန့် ဂေါ် ပင်ကြီးပေါ်သို့  မော့မကြည့် ဖူးချေ ။
နှစ်စဉ် မြေပေါ် သို့ ကျသော ပန်းပွင့် တို့ ကို မြင်မှသာ ဂန့် ဂေါ်ပင်ကြီး ပွင့်သည်ကို သိလေသည် ။
ထိုမျှလောက် တိုင်အောင် က္ကုန္ဒြိယသံဝရ သီလ ကို ဆောင့် ထိန်းတော် မူလေ သည် ။
ဘုရင်မင်းမြတ်သည် မထေရ် ကြီး၏ သီလဂုဏ် ၊ သမာေိ ဂုဏ် ကြီးမားပုံ ကိုသိသော် ရှိခိုးပူဇော် လို၏ ။ ထို့ ကြောင့် သုံးကြိမ် တိုင်တိုင် မင်းချင်းတို့ အားစေလွတ် ပင့်၏ ။
မထေရ် မြတ် မကြွှသောကြောင့် ကျောင်းနီးဝန်းကျင် ရွာများ တွင် နို့ စို့ ကလေးငယ်ရှိသည့် မိန်းမများ၏ သားမြတ် တို့ ကိုရင်လွှမ်းအ၀တ်ဖြင့် ရစ်ပတ် ကာ မင်း၏တံဆိပ် ခတ်နှိပ်စေ၏ ၊ မထေရ်မြတ် ကြွှမလာ သမျှကာလပတ်လုံး သူငယ်တို့  နို့ စို့ ခွင့် မရစေရ -- ဟု အမိန့် ထုတ်ပြန်၏ ။
ထိုအခါမှ မထေရ်ကြီး သည် နန်းတော် သို့ ကြွှ ကာ ဘုရင်အား ဖူးစေ၏ ၊ မထေရ်ကြီး သည် မင်းရှိခိုး လျှင်ဖြစ်စေ -မိဘုရား ရှိခိုးလျင် ဖြစ်စေ - သုခိ ဟောတု မဟာရာဇာ - ဟုသာဆု ပေး၏ ။၇ ရက်လွန်သော် ဘာကြောင့် -- သုခိ ဟောတု မဟာရာဇာ -ဟုသာု ဆုပေး ကြောင်းမေလျှောက် ကြသော်မထေရ်မြတ် က - မင်း ၊ မိဘုရား ဟူ ပိုင်းခြားမှတ်သားခြင်းမပြု သောကြောင့် ဆုကို တစ်မျိုးသာပေးကြောင်း မိန့် ကြားလေသည် ။
နန်းတော် တွင်မပျော်ပိုက်ကြောင်း ဘုရင်သိသဖြင့် မိမိနေရာ သို့ ပြန်ကြွှ ရန်ခွင့် ပြု၏ ၊မထေရ်မြတ်သည် လိုဏ်ဂူ သို့ ပြန်ရောက်သော် မကျိန်းစက်တော့ ဘဲ စင်္ကြကြွှ ကာ တရားရှမှတ်လေတော့သည် ။က္ကုန္ဒြိယ သံဝရ သီလ ကိုကြာရှည်လေးမြင့် စွာစောင့်ထိန်းခဲ့ သဖြင့် ကမ္မဠာန်း သည် အလွန်စင်ကြယ် ထင်ရှားလေ သောကြောင့် သန်းခေါင်အချိန် တွင်ပင် အရဟတဖိုလ်
သို့ ရောက် သည် ။
ထိုသို့  က္ကုန္ဒြိယသံဝရ သီလသည် အရဟတဖိုလ် တိုင်အောင် အကျိုးပေး သည့်အတွက် -မိမိတို့  အကျိုးစီးပွား ကိုလိုလား တောင့်တ သောသူ တို့ သည် ဆောက်တည် ထိန်းသိမ်းရာ၏ ။
က္ကုန္ဒြိယသံဝရ သီလသည် စိတ်ကို -
- တောတွင်း ကျက်စားပျှော် ပါးသော မျောက်ပမာ ၄င်း
- တောတွင်း ပြင်းစွာ ကြောက် ရွှံတတ်သော သားသမင် ပမာ ၄င်း
- အားကိုးရာမဲ့ သော ကလေးသူ ငယ်ပမာ ၄င်း- -ပတ်ဝန်းကျင်သို့  ငဲ့ကွက်မျှော် ကြည့် လျှပ်ပေါ်လော်လီခြင်း မရှိတန်ရာ ။ မျက်လွာ ကိုအောက်သို့ ချကာ ရထား တမ်းပိုးတစ်ပြန် မျှသာ ကြည့် ၏ ၊ လျှပ်ပေါ်ခြင်း သဘော ရှိသော စိတ်၏ အလိုကိုမလိုက်ရာ ၏ ။
ဆက်လက်တင်ပြပါမည်
ရွှင်လန်း ချမ်းမြေ ကြပါစေ
(ကျော်မင်းဦး)