မြတ်စွာဘုရား ၏ တရားတော်တို့ကို နာကြားခွင့်ရသူ တို့သည် အလွန့်အလွန် ဘုန်းကံကြီးကြပါပေသည်။ (မိထွေးတော်ဂေါတမီ)  
www.dhammaweb.net  
line decor
  
Saturday, 25th May 2013 11:56am.
line decor
ဒါနဘာကြောင့် ပြုရသလဲ - Why Dana? by အရှင်တိက္ခဥာဏာလင်္ကာရ - Ashin Tikkhanyanalinkara Short, Simple and Easy to Remember Dhamma Note, DhammaWeb ဒါနဘာကြောင့် ပြုရသလဲ by အရှင်တိက္ခဥာဏာလင်္ကာရ
Untitled Document

ဒါနဘာကြောင့် ပြုရသလဲ
အလှူဒါန ဘာကြောင့်ပြုရသလဲ ဆိုတဲ့အကြောင်းကိုရေးသားဖော်ပြချင်ပါတယ်..ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုး အများစုဟာ အလှူဒါနကို ရက်ရက်ရောရော ပြုကြပါတယ်..တကယ်လှူချင်တဲ့ စိတ်တွေ သဒ္ဓါတရားတွေလည်း ရှိကြပါတယ် ဒါပေမယ့် ဘာကြောင့် အလှူဒါနပြုတယ်ဆိုတာကိုတော့ တော်တော်များများမသိကြပါဘူး..ယခုဘ၀ဒါနပြုရင် နောက်ဘ၀ကောင်းစားမယ် နတ်ချမ်းသာ လူချမ်းသာဖြစ်မယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ပဲ အလှူဒါနပြုနေကြတာများပါတယ်..ဒါကြောင့် ဒါနပြုရခြင်းအကြောင်းကို အရှင်ဇ၀နဟောကြားတဲ့ ဒါနဘာကြောင့်ပြုရသလည်းဆိုတဲ့ တရားတော်မှာ နာကြားလိုက်ရလို့ မသိသေးသူများ သိသွားအောင် ဖော်ပြလိုက်ပါတယ်..

ဒါနပြုတယ်ဆိုတာ မိမိရဲ့  သန္တာန်မှာ ဘ၀အဆက်ဆက်က ဒုက္ခပေးလာတဲ့ စွဲလမ်းတပ်မက်တဲ့ လောဘကိလေသာကြီးကုန်အောင် ပြုတာဖြစ်တယ်...သီလစောင့်တည်ခြင်း ဘာဝနာပွားများခြင်းတွေလည်း တူတူပါပဲ..သီလစောင့်တည်တယ်ဆိုတာ မိမိရဲ့  သန္တာန်မှာ ရှိတဲ့ ဒေါသဦးဆောင်တဲ့ ကိလေသာတွေ ကုန်ဖို့ စောင့်တည်တာ ဘာဝနာပွားတယ်ဆိုတာဟာလည်း မိမိရဲ့သန္တာန်မှာ ရှိတဲ့ မောဟ ဦးဆောင်တဲ့ ကိလေသာတွေ ကုန်ဖို့ပွားများတာဖြစ်တယ် ..်ဒါနအကြောင်းဆက်ပြောပါမယ်..ဗုဒ္ဓဘာသာဝင်အများစု အမြင်မှားနေတာတစ်ခုက အလှူဒါနပြုပြီးတိုင်း ဆုတောင်းနေကြတာပါပဲ..တကယ်တော့ ဒါနပြုပြီးရင် ဆုတောင်းစရာမလိုပါဘူး..ဆရာတော် ဟောကြားတဲ့ ဥပမာလေးကိုသဘောကျလို့ ပြန်လည်ဖော်ပြလိုက်ပါတယ်..

ဥပမာလေးက ဒီလိုပါ အလုပ်သမားတစ်ယောက်ဟာ သူ့အလုပ်ကို သူကျေပွန်အောင်လုပ်ပြီးရင် သူပိုက်ဆံရဖို့ လစာရဖို့ ဆုတောင်းစရာမလိုပါဘူး သူသေချာပေါက်ရမှာပါ..သူအလုပ်လုပ်ရင် လုပ်ခရမှာပါ ဆုတောင်းစရာမလိုပါဘူး ဒါနပြုခြင်းဟာလည်း အဲဒီသဘောပါပဲ..ကိုယ်ဒါနပြုပြီးရင် ဆုတောင်းစရာမလိုပါဘူး ဒါနရဲ့ အကျိုးကိုက ချမ်းသာတဲ့ အကျိုးကိုပေးပြီးသားပါ...လိုတာက ကိလေသာကုန်ဖို့နဲ့ နိဗ္ဗာန် ဆုတောင်းဖို့ပဲ လိုပါတယ်.. ပြီးတော့ ဘယ်မှာ ဘယ်လောက်လှူတယ်ဆိုတာလည်း ပြောစရာမလိုပါဘူး..အပေါ်မှာပြောပြီးပါပြီ မိမိသန္တာန်မှာ ရှိတဲ့ လောဘကိလေသာမီး ဘယ်လောက်ငြိမ်းသွားတယ် ဆိုတာကိုပဲ ကြည့်ရမှာပါ..လူတွေမှာ အမြဲလောင်နေတဲ့ လောဘမီးတွေဟာ ဒါနပြုတဲ့အချိန်မှာ ငြိမ်းသွားတယ်...တစ်ခါလှူရင် မိမိမှာရှိတဲ့ လောဘတစ်ခါသေပါတယ်..လောဘရှိနေတဲ့ သူဟာ ဒါနပြုလို့မရနိုင်ပါဘူး..

လောဘနှစ်မျိုးရှိပါတယ် သမလောဘနဲ့ ၀ိသမလောဘဆိုပြိး နှစ်မျိုးရှိပါတယ်..သမလောဘဆိုတာ ညီမျှတဲ့လောဘပါ ..၀ိသမလောဘဆိုတာကတော့ မတရားရပြိးယူတဲ့ လောဘပါ ခိုးခြင်းနဲ့လည်း တူပါတယ်..အဲဒီဝိသမလောဘရှိတဲ့ သူဟာ ဖြစ်လေရာဘ၀မှာ သူရဲ့ စည်းစိမ်တွေ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးတက်ပါတယ်..ဒါကြောင့် အဲလို ၀ိသမလောဘမရှိအောင်တော့ အတက်နိုင်ဆုံး ထိန်းသိမ်းသင့်ပါတယ်...

ဒါနကလည်း ၂ မျိုးရှိပါတယ် ပါရမီ ထိုက်တဲ့ဒါန နဲ့ ပါရမီ မထိုက်တဲ့ ဒါန ဆိုပြီးဖြစ်ပါတယ်..ပါရမီထိုက်တဲ့ ဒါနဆိုတာ လုံးဝမိမိကောင်းကျိုးကို ထည့်မတွက်ဘူး အလှူခံပုဂ္ဂိုလ် ချမ်းသာဖို့ပဲကြည့်ပါတယ်..တဏှာမပါဘူး ငါမပါဘူး ငါချမ်းသာဖို့မပါဘူး အဲလိုစိတ်နဲ့ ပြုတဲ့ ဒါနဟာ ပါရမီ ထိုက်တဲ့ဒါနဖြစ်ပါတယ်..ပါရမီမထိုက်တဲ့ ဒါနကတော့ နောက်ဘ၀ချမ်းသာချင်လို့ လှူတာ နာမည်ကြီးချင်လို့လှူတာ လူသိများချင်လို့လှူတာ အဲလိုအလှူမျိုးတွေကို သာသနာပ အလှူလို့ခေါ်ပါတယ် နိဗ္ဗာန်မရနိုင်ပါဘူး..လိုချင်တဲ့စိတ်နဲ့လှူနေသမျှ နိဗ္ဗာန်မရနိုင်ပါဘူး..ငါကောင်းစားဖို့လှူတာဆိုရင် ငါဆိုတာ ဒိဋ္ဌိ ကောင်းစားဖို့ဆိုတာ လောဘ... ဒိဋ္ဌိ နဲ့လောဘ ဥိးဆောင်မှတော့ ဘယ်လိုမှ နိဗ္ဗာန်ရနိုင်စရာ အကြောင်းမရှိပါဘူး..အဲလိုစိတ်နဲ့ ဒါနပြုတာဟာ ပါရမီမထိုက်တဲ့ ဒါနဖြစ်တယ်..ဒီလောက်ဆိုရင် ဒါနပြုရခြင်းအကြောင်းကို တော်တော်ရှင်းလောက်ပါပြီ..ဗုဒ္ဓဘာသာဝင်သူတော်စင်များအားလုံး ပါရမီထိုက်တဲ့ ဒါနကိုပြုနိုင်တဲ့ သူတော်ကောင်းများဖြစ်ကြပါစေ.........'

Why Dana? (ဒါနဘာကြောင့် ပြုရသလဲ ) by Ashin Tikkhanyanalinkara (အရှင်တိက္ခဥာဏာလင်္ကာရ)
ဒါန နှင့်သက်ဆိုင်သော ဓမ္မမှတ်စုများ
 
No. Myanmar Language Title author
1 ဒါနကုသိုလ်ကံ၏ အကျိုးပေးရာကာလ ကွဲပြားပုံ ၄-မျိုး‏ သဒ္ဓမ္မရံသီ-ဆရာတော်
2 ဒါနနဲ့ သီလ မလိုဘူးတဲ့လား? http://ranonghtarnischool.blogspot.com
3 ဒါန သုံးမျိုး အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်)
4 ဗောဇ္ဈင် ၇-ပါး ရွက်ဝါ
5 ဒါနပန်းလက်လှန်းစေချင် ဓမ္မအလင်းရောင်
6 ဒါနအမျိုးမျိုး အိအိအောင်
7 လှူတော့ လှူပါရဲ့ ဓမ္မရနံ့
8 ဒါနကောင်းမှုမြန်မြန်ပြု Internet
9 ရေခြားမြေခြား အတွေ့အကြုံ အလှူ မေတ္တာဦး
10 ဒါနကောင်းမှု မြန်မြန်ပြု၊ နိဗ္ဗာန်ရအောင် ဉာဏ်ဖြင့်ရှု‏ ထွန်းထွန်းလှိုင်
11 လှူတတ်ကြပါစေ ဆရာလေး(ရေနံချောင်း)
12 ချီးမြှောက်ခြင်းနှင့် လှူဒါန်းခြင်း ချီးမြှောက်ခြင်း အောင်ဦး
13 ဒါန၏ အရေးပါမှု လွင်ပြင်ရိုင်း
14 ရှိသမျှ အကုန်လှူသည့် သန်းကြွယ်သူဌေး.... ကိုပီတာ
15 ဒါနပြုသည် ဆိုရာဝယ် ပြေဇော်
16 ဒါနပြုသည် ဆိုရာဝယ်‏ ပြေဇော်
17 ဒါနကုသိုလ်ကံ၏ အကျိုးပေးရာကာလ ကွဲပြားပုံ ၄-မျိုး သဒ္ဓမ္မရံသီ ဆရာတော်
18 စေတနာသုံးတန် ပြည့်စုံဖို့ဆိုရာဝယ်… အရှင်ဝိစိတ္တ(မနာပဒါယီ)
19 အသွင်မတူသော မျဉ်းပြိုင်နှစ်ခု ဦးကောဝိဒ(မြိတ်)
20 အလင်းတစ်လက်ဖြင့် နွေးစေချင် ဓမ္မအလင်းရောင်
21 ဒါနဘာကြောင့် ပြုရသလဲ အရှင်တိက္ခဥာဏာလင်္ကာရ
List of Dhamma Notes related to Dana : 21 Dhamma Notes, DhammaWeb DataBase
   

Dhamma Web