| မြတ်စွာဘုရား ၏ တရားတော်တို့ကို နာကြားခွင့်ရသူ တို့သည် အလွန့်အလွန် ဘုန်းကံကြီးကြပါပေသည်။ (မိထွေးတော်ဂေါတမီ) | Dhamma Web | ||
| www.dhammaweb.net | |||
|
Sunday, 19th May 2013 4:40pm. |
|||
|
(2007-ခုနှစ်ထုတ် စတင်ဘာလထုတ်မြတ်ပန်းရဂုံ ဓမ္မစာစောင် တွင်ပါသော ခင်မောင်သိန်း(တွံတေး)၏ ´သုရာမေရယ မဇ္ဖပမာဒ ဋ္ဌာနာ ဝေရာမဏိ´ သိက္ခာပုဒ်တွင် ဆေးလိပ် ပါမပါ၊ ကမ္မကိလေသာ တရားတွင် အရက်သေစာ မပါသဖြင့် အရက်သောက်ခြင်းသည် အပြစ်ရှိ´မရှိဟူသော မေးခွန်းကို ဖြေကြားပေးထားခြင်းဖြစ်ပါသည်။) မဇ္ဖပါနတွင် ဆေးလိပ် ပါ´မပါ။ မဇ္ဖပမာဒဋ္ဌာနတွင် ဆေးလိပ် ပါ´မပါ။ ကမ္မကိလေသတွင် အရက် ပါ´မပါ (က) မဇ္ဖပါန နှင့် မဇ္ဖပမာဒဋ္ဌာနတွင် ဆေးလိပ်`ပါ´မပါ။ တစ်နည်းကား= သုရာမေရယမှ တစ်ပါးသော တစ်စုံတစ်ခု ယစ်မူးကြောင်းဖြစ်သော အရာဝတ္ထုကို သောက်သုံး၍ မူးယစ် မေ့လျော့၏ ၊ ထိုယစ်မူးကြောင်းဖြစ်သော အရာဝတ္ထုကိုလည်း မဇ္ဖ ဟုဆိုအပ်၏ဟု နှစ်နည်းဖွင့်ဆိုထားပါသည်။ အထက်ပါ အဖွင့်နှစ်မျိုးစလုံးအရ မူးယစ်မေ့လျော့စေတတ်သော အရက်သေစာအားလုံးသည် မဇ္ဖမည်၏။ ဆေးလိပ်သောက်ခြင်းကို ရသာရုံဟုဆိုအပ်သော ကာမဂုဏ်တို့၌ လွန်လွန်ကျူးကျူး ခံစားခြင်းဟု မုချအားဖြင့် မဆိုသာ။ ဆိုနိုင်သည်ဟုပင်ယူဆလျှင်လည်း ဆေးလိပ်သောက်ခြင်းသည် အရက်သောက်ခြင်းကဲ့သို့ မူးယစ်မေ့လျော့ကာ မကောင်းမှုပြုဖို့ရာ အလားအလာရှိလာသည်မဟုတ်။ ဥစ္စာဆုံးပါး၊ ခိုက်ရန်ပွားခဲ့၊ နာများခြင်းကြောင်း၊ မကောင်းသတင်း၊ တွင်းအင်္ဂါလှန်၊ ပညာဥာဏ်လည်း၊ အားနည်းအောင်ပြု၊ ဤခြောက်ခု၊ သောက်မှုသေရည်ပြစ်။(ပရိတ်ကြီးနိဿယသစ်၊ 178၊ ဒီ၊ 3၊ 148)ဟူသည်နှင့်အညီ အရက်သောက်သူ မျက်မှောက်ဘ၀၌ပင် ခံစားရမည့် အပြစ်ခြောက်ပါးရှိ၏ ။ ထို ခြောက်ပါးတွင် ဆေးလိပ်သောက်သူအား ဥစ္စာဆုံးပါး ယုတ်လျော့ခြင်းနှင့် အနာရောဂါများခြင်းဟူသော အပြစ်များဖြစ်နိုင်၏။ ခိုက်ရန်ဖြစ်ပွားခြင်း၊ မကောင်းသတင်းထွက်ခြင်းများအခါအားလျော်စွာ ဖြစ်နိုင်သည်ဟု ဆိုဦးတော့ အရှက်မရှိတော့သည့် အနေအထား၊ အသိဥာဏ်အားနည်းသည့်အဆင့်ထိတော့ မရောက်နိုင်ပေ။ တစ်ဖန် အရက်ကို မပြတ်မှီဝဲအပ်၊ အကြိမ်များစွာ သောက်သုံးအပ်သူ၏ တမလွန်ဘ၀အကျိုးကား ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာဘုံတို့၌ ဖြစ်တတ်၏။ အောက်ထစ်ဆုံးအကျိုးကား လူဖြစ်လျှင်ပင် အရူးအနှမ်း အဆွံ့အအ ဖြစ်တတ်၏။ ရသာရုံ၌ ခုံမင်ပုံခြင်းလည်း ထပ်သူမပြုသင့်ပေ။ ထိုကဲ့သို့သာ အကြောင်းရှာလျှင် ကွမ်းစားခြင်း၊ ဆေးငုံခြင်း၊ ပီကေ၀ါးခြင်းမှအစ ထမင်းစားရဖွယ်ပင်မမြင်။ ထို့ပြင်လည်း ဆေးလိပ်သောက်ခြင်းသည် သာမာန်လူအဖို့ အပါယ်လေးပါး ကျရောက်စေနိုင်လောက်သော ဒုစရိုက်မှု မဟုတ် သော်လည်း တရားအားထုတ်နေသော ယောဂီအဖို့ ကြောင့်ကြ စိုက်ဖွယ် တရားအတွက် အနှောင့်အယှက် ပလိဗောဓငယ် စာရင်းဝင်နိုင်၏။ (ခ)ကမ္မကိလေသတွင် အရက်သေစာ ပါ, မပါ။ အရှင်ကောဝိဒ (ယော) Friday, August 28, 2009 http://www.myatpanyagon.com |
||||||||||
ညစ်နွမ်းကြောင်းအမှု နှင့်သက်ဆိုင်သော ဓမ္မမှတ်စုများ
|
|||||||||||
Dhamma Web |
|||||||||||