မြတ်စွာဘုရား ၏ တရားတော်တို့ကို နာကြားခွင့်ရသူ တို့သည် အလွန့်အလွန် ဘုန်းကံကြီးကြပါပေသည်။ (မိထွေးတော်ဂေါတမီ)  
www.dhammaweb.net  
line decor
  
Saturday, 18th November 2017 12:32pm.  
line decor

အခြေခံအဘိဓမ္မာသင်တန်း ပထမအဆင့် စေတသိတ်ပိုင်း (10) Abhidhamma (Basic) - Daw Khin Hla Tin ဒေါ်ခင်လှတင် (ဓမ္မဗျူဟာ) DhammaWeb Audio Database ဒေါ်ခင်လှတင် (ဓမ္မဗျူဟာ) ၏ တရားတော် အခြေခံအဘိဓမ္မာသင်တန်း ပထမအဆင့် စေတသိတ်ပိုင်း (10)
Abhidhamma (Basic) by Daw Khin Hla Tin
ဘုရားရှင်ဟောခဲ့သည့် သုတ်၊ ၀ိနည်း၊ အဘိဓမ္မာတရားတော်များတွင် အဘိဓမ္မာသည် သတ္တ၀ါများကို မငဲ့ကွက်ဘဲ ဟောသင့် ဟောထိုက်သော သဘောသက်သက်ကိုသာ ဓမ္မသဘာဝကျကျ အကျယ်ချဲ့ပြီး အသေးစိတ်ဟောကြားထားသော တရားဖြစ်သည်။ အဘိဓမ္မာကို ခေတ်အဆက်ဆက် သင်ကြားပို့ချလာခဲ့ကြရာ ယနေ့အချိန်တွင်လည်း နိုင်ငံတော်အစိုးရမှ အဘိဓမ္မာစာမေးပွဲများ နှစ်စဉ်ပြုလုပ်ကျင်းပပေးကာ ချီးမြှောက်လျက်ရှိသည်။ ယခုစာအုပ်ပါ အဘိဓမ္မာ သင်တန်းပို့ချချက်များသည် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် အရှေ့ဘက် ကြားတောရလမ်းရှိ ဓမ္မဗျူဟာ သာသနမာမကအဖွဲ့မှ ဦးစီးဖွင့်လှစ်သည့် အဘိဓမ္မာသင်တန်းတွင် သင်တန်းမှူး ဓမ္မဗျူဟာ ဒေါ်ခင်လှတင်(သဒ္ဓမ္မဇောတိကဓဇ)မှ ပို့ချထားခြင်းဖြစ်ပြီး တင်ပြရှင်းလင်းပုံ ကောင်းမွန်မှုကြောင့် အဘိဓမ္မာသင်တန်းလောကတွင် လူသိများ ကျော်ကြားခဲ့သည်။ ဆရာမကြီး၏ အဘိဓမ္မာ ၉ ပိုင်း ပို့ချချက်ကို ၃ အုပ်ခွဲထားပြီး ပထမတွဲတွင် စိတ်၊ စေတသိက်၊ ပကိဏ်းများကို လည်းကောင်း၊ ဒုတိယတွဲတွင် ၀ီထိပိုင်း၊ ၀ီထိမုတ်ပိုင်း၊ ရုပ်ပိုင်းများကို လည်းကောင်း၊ တတိယတွဲတွင် သမုစ္စည်းပိုင်း၊ ပစ္စည်းပိုင်း၊ ကမ္မဋ္ဌာန်းပိုင်းများကိုလည်ကောင်း ဇယားများ၊ အဓိပ္ပာယ်များ၊ အကျယ်ရှင်းလင်းချက်များဖြင့် ကိုယ်တိုင်သင်တန်းတက်နေဘိသကဲ့သို့ ဖတ်ရှုလေ့လာနိုင်ကြမည်ဖြစ်သည်။
Get Macromedia flash player
Key Word Abhidhamma
Media Type MP3
Language Myanmar
Link1 http://www.dhammaweb.net/DawKHT/Cetasika/cetasika10.mp3
Link2
Recorded on 0 ,
Daw Khin Hla Tin Dhamma Talk Videos
Daw Khin Hla Tin Dhamma Books

ဒေါ်ခင်လှတင် (ဓမ္မဗျူဟာ) ၏တရားတော်များ အခြေခံအဘိဓမ္မာသင်တန်း ပထမအဆင့် စေတသိတ်ပိုင်း (10)

    မြတ်စွာဘုရား ၏ တရားတော်တို့ကို နာကြားခွင့်ရသူ တို့သည် အလွန့်အလွန် ဘုန်းကံကြီးကြပါပေသည်။ (မိထွေးတော်ဂေါတမီ) Dhamma Web