မြတ်စွာဘုရား ၏ တရားတော်တို့ကို နာကြားခွင့်ရသူ တို့သည် အလွန့်အလွန် ဘုန်းကံကြီးကြပါပေသည်။ (မိထွေးတော်ဂေါတမီ)  
www.dhammaweb.net  
line decor
  
Tuesday, 21st November 2017 3:08am.
line decor
             

Tipitaka DataBase
 
Home
အဘိဓမ္မပိဋက ဓမ္မသင်္ဂဏီပါဠိတော် စိတ်, စေတသိက်ပိုင်း ရူပါဝစရကုသိုလ် ဒုတိယဈာန်စိတ် အဘိဓမ္မပိဋက ဓမ္မသင်္ဂဏီပါဠိတော် စိတ်, စေတသိက်ပိုင်း
ရူပါဝစရကုသိုလ် ဒုတိယဈာန်စိတ်
Untitled Document

ရူပါဝစရကုသိုလ် ဒုတိယဈာန်စိတ်
၁၆၁။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။
အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏။ (ရူပဘုံသို့ရောက်ကြောင်းဖြစ်သော ဈာန်ကို ပွါး၏)၊ ကြံစည်မှု {၀ိတက်} , သုံးသပ်မှု {၀ိစာရ}တို့၏ ချုပ်ငြိမ်း လွန်မြောက်ခြင်းကြောင့်မိမိသန္တာန်၌ ဖြစ်သော , စိတ်ကို လွန်စွာ ကြည်လင်စေတတ် သော, မြတ်သည်ဖြစ်၍ ဖြစ်သော တည်ကြည်မှု {သမာဓိ} ကို တိုးပွါးစေတတ်သော, ကြံစည်မှု {၀ိတက်} မရှိသော, သုံးသပ်မှု {၀ိစာရ} မရှိသော, တည်ကြည်မှု {သမာဓိ} ကြောင့် ဖြစ်သော , နှစ်သက်မှု {ပီတိ} ၊ ချမ်းသာမှု {သုခ} ရှိသော, ပထ၀ီကသိုဏ်းလျှင် အာရုံရှိသော ဒုတိယဈာန်သို့ ရောက်၍ (ဒုတိယဈာန်ကို ရရှိ၍) နေ၏။ ထိုအခါ၌ တွေ့ထိမှု {ဖဿ} သည် ဖြစ်၏၊ ခံစားမှု {ဝေဒနာ} သည် ဖြစ်၏၊ မှတ်သားမှု {သညာ} သည်ဖြစ်၏၊ စေ့ဆော်မှု {စေတနာ} သည် ဖြစ်၏၊ သိမှု {စိတ်} သည် ဖြစ်၏၊ နှစ်သက်မှု {ပီတိ} သည် ဖြစ်၏၊ ချမ်းသာမှု {သုခ} သည် ဖြစ်၏၊ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် {စိတ္တေဿဂ္ဂတာ} သည်ဖြစ်၏၊ အစိုးတရ ယုံကြည်မှု {သဒ္ဓိနြေ္ဒ} သည် ဖြစ်၏၊ အစိုးတရ အားထုတ်မှု {၀ီရိယိနြေ္ဒ} သည် ဖြစ်၏၊ အစိုးတရ အောက်မေ့မှု {သတိနြေ္ဒ} သည် ဖြစ်၏၊ အစိုးတရ တည်ကြည်မှု {သမာဓိနြေ္ဒ} သည် ဖြစ်၏၊ အစိုးတရ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု {ပညိနြေ္ဒ} သည် ဖြစ်၏၊ အစိုးတရ သိမှု {မနိနြေ္ဒ} သည်ဖြစ်၏၊ အစိုး တရစိတ်ချမ်းသာမှု {သောမနဿိနြေ္ဒ} သည် ဖြစ်၏၊ အစိုးတရ စောင့်ရှောက်မှု {ဇီဝိတိနြေ္ဒ} သည် ဖြစ်၏၊ ကောင်းစွာ သိမြင်မှု {သမ္မာဒိဋ္ဌိ} သည် ဖြစ်၏၊ ကောင်းစွာ အားထုတ်မှု {သမ္မာဝါယာမ} သည် ဖြစ်၏။ပ။ ချီးမြှောက်မှု {ပဂ္ဂါဟ} သည် ဖြစ်၏၊ မပျံ့လွင့်မှု {အ၀ိက္ခေပ} သည် ဖြစ်၏။
ယေ၀ါပနကတရားများ
ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်းဖြစ်ကုန်သော, အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ,တတြမဇ္ဈတ္တတာဟူသော) အကြင် နာမ်တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။ပ။
စုပေါင်းဟောကြားခြင်း {ကောဋ္ဌာသ၀ါရ}
(က) ဥဒ္ဒေသ
ထိုအခါ၌ ခန္ဓာလေးပါးတို့သည် ဖြစ်ကုန်၏၊ အာယတနနှစ်ပါးတို့သည် ဖြစ်ကုန်၏၊ ဓာတ်နှစ်ပါးတို့သည် ဖြစ်ကုန်၏၊ အာဟာရသုံးပါးတို့သည် ဖြစ်ကုန်၏၊ ဣနြေ္ဒရှစ်ပါး တို့သည်ဖြစ်ကုန်၏၊ အင်္ဂါသုံးပါးရှိသော ဈာန်သည် ဖြစ်၏၊ အင်္ဂါလေးပါးရှိသော ကာမမှ ထွက်မြောက် ကြောင်း{မဂ်} သည် ဖြစ်၏၊ ဗိုလ်ခုနစ်ပါးတို့သည် ဖြစ်ကုန်၏၊ ဟိတ်သုံးပါးတို့သည် ဖြစ်ကုန်၏၊ ဖဿတစ်ပါးသည် ဖြစ်၏။ပ။ ဓမ္မာယတန တစ်ပါးသည် ဖြစ်၏၊ ဓမ္မဓာတ်တစ်ပါးသည် ဖြစ်၏။
ယေ၀ါပနကတရားများ
ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော, အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ, တတြမဇ္ဈတ္တတာဟူသော) အကြင်နာမ်တရားတို့သည် ရှိကုန်၏။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။
(ခ) အကျယ်ဟောကြားခြင်း {နိဒ္ဒေသ၀ါရ}
သင်္ခါရက္ခန္ဓာ
၁၆၂။ပ။ ထိုအခါ၌ ပြု ပြင်မှုအစု {သင်္ခါရက္ခန္ဓာ} ဟူသည် အဘယ်သဘော ဖြစ်သနည်း။
တွေ့ထိမှု {ဖဿ} ၊ စေ့ဆော်မှု {စေတနာ} ၊ နှစ်သက်မှု {ပီတိ} ၊ စိတ်၏တစ်ခု တည်းသောအာရုံရှိသည်၏အဖြစ် {စိတ္တေဿကဂ္ဂတာ} ၊ အစိုးတရ ယုံကြည်မှု {သဒ္ဓိနြေ္ဒ} ၊ အစိုးတရ အားထုတ်မှု {၀ီရိယိနြေ္ဒ} ၊ အစိုးတရ အောက်မေ့မှု {သတိနြေ္ဒ} ၊ အစိုးတရ တည်ကြည်မှု {သမာဓိနြေ္ဒ} ၊ အစိုးတရ (ခွဲခွဲ့ခြားခြား) အပြားအားဖြင့် သိမှု {ပညိနြေ္ဒ} ၊ အစိုးတရ စောင့်ရှောက်မှု {ဇီဝိတိနြေ္ဒ} ၊ ကောင်းစွာသိမြင်မှု {သမ္မာဒိဋ္ဌိ} ၊ ကောင်းစွာ အားထုတ်မှု {သမ္မာဝါယာမ}။ (သမ္မာသတိ၊ သမ္မာသမာဓိ)။ပ။ ချီးမြှောက်မှု {ပဂ္ဂါဟ} ၊ မပျံ့လွင့်မှု {အ၀ိက္ခေပ} သည် (ရှိ၏)။ ထို့ပြင် ထိုအခါ၌ ခံစားမှုအစု {ဝေဒနာက္ခန္ဓာ} ကိုချန်ထား၍ မှတ်သားမှုအစု {သညာက္ခန္ဓာ} ကို ချန်ထား၍ အထူးသိမှု (စိတ်) အစု {၀ိညာဏက္ခန္ဓာ} ကိုချန်ထား၍ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သော, အကြောင်းကို စွဲ၍ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ, တတြမဇ္ဈတ္တတာဟူသော) အကြင်နာမ်တရားတို့သည်ရှိကုန်၏။ ထိုအခါ၌ ပြု ပြင်မှုအစု {သင်္ခါရက္ခန္ဓာ} ဟူသည် ဤသဘော ဖြစ်၏။ပ။
ဤတရားတို့သည် ကုသိုလ်မည် ကုန်၏။
ရူပါဝစရကုသိုလ် ဒုတိယဈာန်စိတ် ပြီးပြီ။


(၂) ဈာန်ငါးပါးဖြစ်ပုံကို ပြသော ပÍ္စကနည်း

ရူပါဝစရကုသိုလ်ဒုတိယဈာန်စိတ်
၁၆၈။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။
အကြင်အခါ၌ ရူပဘုံ၌ ဖြစ်ခြင်းငှါ အကြောင်း (ဈာန်) ကို ပွါး၏ (ရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ဈာန်ကိုပွါး၏)၊ ကြံစည်မှု {၀ိတက်} ကား မရှိ၊ သုံးသပ်မှု {၀ိစာရ} မျှသာရှိသောç တည်ကြည်မှု {သမာဓိ} ကြောင့်ဖြစ်ပေါ်လာသောç နှစ်သက်မှု {ပီတိ} ç ချမ်းသာမ {သုခ} ရှိသောç ပထ၀ီ ကသိုဏ်းလျှင် အာရုံရှိသော ဒုတိယဈာန်သို့ ရောက်၍ (ဒုတိယဈာန်ကို ရရှိ၍) နေ၏။
တရားအကျဉ်းသရုပ်
ထိုအခါ၌ တွေ့ထိမှု {ဖဿ} သည် ဖြစ်၏၊ ခံစားမှု {ဝေဒနာ} သည် ဖြစ်၏၊ မှတ်သားမှု {သညာ} သည် ဖြစ်၏၊ စေ့ဆော်မှု {စေတနာ} သည် ဖြစ်၏၊ သိမှု {စိတ်} သည် ဖြစ်၏၊ သုံးသပ်မှု {၀ိစာရ} သည် ဖြစ်၏၊ နှစ်သက်မှု {ပီတိ} သည် ဖြစ်၏၊ ချမ်းသာမှု {သုခ} သည် ဖြစ်၏၊ စိတ်၏တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် {စိတ္တေဿကဂ္ဂတာ} သည် ဖြစ်၏၊ အစိုးတရ ယုံကြည်မှု {သဒ္ဓိနြေ္ဒ} သည် ဖြစ်၏၊ အစိုးတရ အားထုတ်မှု {၀ီရိယိနြေ္ဒ} သည် ဖြစ်၏၊ အစိုးတရ အောက်မေ့မှု {သတိနြေ္ဒ} သည် ဖြစ်၏၊ အစိုးတရ တည်ကြည်မှု {သမာဓိနြေ္ဒ} သည် ဖြစ်၏၊ အစိုးတရ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု {ပညိနြေ္ဒ} သည် ဖြစ်၏၊ အစိုးတရ သိမှု {မနိနြေ္ဒ} သည် ဖြစ်၏၊ အစိုးတရစိတ်ချမ်းသာမှု {သောမနဿိနြေ္ဒ} သည် ဖြစ်၏၊ အစိုးတရ စောင့်ရှောက်မှု {ဇီဝိတိနြေ္ဒ} သည် ဖြစ်၏၊ ကောင်းစွာ သိမြင်မှု {သမ္မာဒိဋ္ဌိ} သည် ဖြစ်၏၊ ကောင်းစွာ အားထုတ်မှု {သမ္မာဝါယာမ} သည် ဖြစ်၏။ (သမ္မာသတိ၊ သမ္မာသမာဓိ)။ပ။ ချီးမြှောက်မှု {ပဂ္ဂါဟ} သည် ဖြစ်၏၊ မပျံ့လွင့်မှု {အ၀ိက္ခေပ} သည် ဖြစ်၏။
ယေ၀ါပနကတရားများ
ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်းဖြစ်ကုန်သောç အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (ဆန္ဒç အဓိမောက္ခç မနသိကာရçတတြမဇ္ဈတ္တတာဟူသော) အကြင် နာမ်တရားတို့သည် ရှိကုန်၏။ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။ပ။
စုပေါင်းဟောကြားခြင်း {ကောဋ္ဌာသ၀ါရ}
(က) ဥဒ္ဒေသ
ထိုအခါ၌ ခန္ဓာလေးပါးတို့သည် ဖြစ်ကုန်၏၊ အာယတနနှစ်ပါးတို့သည် ဖြစ်ကုန်၏၊ ဓာတ်နှစ်ပါးတို့သည် ဖြစ်ကုန်၏၊ အာဟာရသုံးပါးတို့သည် ဖြစ်ကုန်၏၊ ဣနြေ္ဒရှစ်ပါးတို့သည် ဖြစ်ကုန်၏၊ အင်္ဂါလေးပါးရှိသော ဈာန်သည် ဖြစ်၏၊ အင်္ဂါလေးပါးရှိသော ကာမမှ ထွက်မြောက်ကြောင်း {မဂ်} သည်ဖြစ်၏၊ ဗိုလ်ခုနစ်ပါးတို့သည် ဖြစ်ကုန်၏၊ ဟိတ်သုံးပါးတို့သည် ဖြစ်ကုန်၏၊ ဖဿတစ်ပါးသည် ဖြစ်၏။ပ။ ဓမ္မာယတနတစ်ပါးသည် ဖြစ်၏၊ ဓမ္မဓာတ်တစ်ပါးသည် ဖြစ်၏။
ယေ၀ါပနကတရားများ
ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်းဖြစ်ကုန်သောç အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (ဆန္ဒç အဓိမောက္ခç မနသိကာရçတတြမဇ္ဈတ္တတာဟူသော) အကြင်နာမ်တရားတို့သည်ရှိကုန်၏။ ဤတရားတို့သည် ကုသိုလ် မည်ကုန်၏။
(ခ) အကျယ်ဟောကြားခြင်း {နိဒ္ဒေသ၀ါရ}
သင်္ခါရက္ခန္ဓာ
၁၆၉။ပ။ ထိုအခါ၌ ပြုပြင်မှုအစု {သင်္ခါရက္ခန္ဓာ} ဟူသည် အဘယ်သဘော ဖြစ်သနည်း။
တွေ့ထိမှု {ဖဿ} ၊ စေ့ဆော်မှု {စေတနာ} ၊ သုံးသပ်မှု {၀ိစာရ} ၊ နှစ်သက်မှု {ပီတိ} ၊ စိတ်၏တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ် {စိတ္တေဿကဂ္ဂတာ} ၊ အစိုးတရ ယုံကြည်မှု {သဒ္ဓိနြေ္ဒ} ၊ အစိုးတရအားထုတ်မှု {၀ီရိယိနြေ္ဒ} ၊ အစိုးတရ အောက်မေ့မှု {သတိနြေ္ဒ} ၊ အစိုးတရ တည်ကြည်မှု {သမာဓိနြေ္ဒ} ၊ အစိုးတရ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှု {ပညိနြေ္ဒ} ၊ အစိုးတရ စောင့်ရှောက်မှု {ဇီဝိတိနြေ္ဒ} ၊ ကောင်းစွာ သိမြင်မှု {သမ္မာဒိဋ္ဌိ} ၊ ကောင်းစွာ အားထုတ်မှု {သမ္မာဝါယာမ}။ (သမ္မာသတိ၊ သမ္မာသမာဓိ)။ပ။ ချီးမြှောက်မှု {ပဂ္ဂါဟ} ၊ မပျံ့လွင့်မှု {အ၀ိက္ခေပ} သည် (ရှိ၏)။ ထို့ပြင် ထိုအခါ၌ ခံစားမှုအစု {ဝေဒနာက္ခန္ဓာ} ကို ချန်ထား၍ မှတ်သားမှုအစု {သညာက္ခန္ဓာ} ကို ချန်ထား၍ အထူးသိမှု (စိတ်) အစု {၀ိညာဏက္ခန္ဓာ} ကို ချန်ထား၍ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်း ဖြစ်ကုန်သောçအကြောင်းကို စွဲ၍ ဖြစ်ကုန်သော (ဆန္ဒç အဓိမောက္ခç မနသိကာရç တတြမဇ္ဈတ္တတာဟူသော) အကြင်နာမ်တရားတို့သည် ရှိကုန်၏။ ထိုအခါ၌ ပြု ပြင်မှုအစု {သင်္ခါရက္ခန္ဓာ} ဟူသည် ဤသဘောဖြစ်၏။ပ။
ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။
ရူပါဝစရကုသိုလ် ဒုတိယဈာန်စိတ် ပြီးပြီ။