Buddha who nurses the sick (သူနာပြုသောဗုဒ္ဓ) ဟူ၍ မြတ်စွာဘုရားရှင်မှ
နာမကျန်းဖြစ်နေ သော သံဃာတော်တစ်ပါးအား ဆေး၊ ရေတိုက်ကျွေးနေသော ပုံတော်ပါ
သုခကုသိုလ်ဖြစ်ဆေးခန်း (ပဲခူး) ဆေးကုသရေး ဖွင့်ပွဲအခမ်းအနား ဖိတ်ကြားလွှာတွင်
ပဲခူးမြို့၊ ဒက္ခိဏသာခါရာမကျောင်းတိုက်ဝင်းအတွင်း
တွင် သုခကုသိုလ်ဖြစ်ဆေးခန်း(ပဲခူး)အား နံနက် (၅း၀၀) နာရီအချိန်တွင်
အာရုဏ်ဆွမ်းဆပ်ကပ်ခြင်းနှင့် ဘုရားအနေကဇာတင်ခြင်း၊ နံနက် (၈း၀၀) နာရီမှ
(၁၀း၀၀) နာရီအချိန်ထိ ဧည့်သည်တော်များအား ဧည့်ခံ ကျွေးမွေးခြင်းနှင့် အလှူရှင်များအား
ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းတို့အား ၂၅.၄.၂၀၁၂ (ဗုဒ္ဓဟူး)နေ့ တွင်
ကျင်းပပြုလုပ်ခဲ့သည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)မှ
ဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်တို့ ဦးဆောင် ၍
အလုပ်အမှုဆောင်အဖွဲ့များ၊ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ရာသက်ပန်ဧည့်အသင်းသား
ကိုဆောင်းဦးလှိုင်နှင့် အသင်းသား/သူများတို့မှ
သွားရောက်ချီးမြှင့်လေ့လာမှုများပြုခဲ့ကြသည်။ ပဲခူးမြို့၊
ဒက္ခိဏသာခါရာမကျောင်းဆရာတော်ကြီး၏ ကျောင်းဝင်းကျယ်ကြီးအတွင်းတွင်
နာရေးကူညီမှု အသင်းနှင့် ပညာဒါန သင်တန်းများအပြင် ယခုဆိုလျှင်
နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သုခကုသိုလ်ဖြစ် ဆေးခန်းခွဲဖြစ်သော
သုခကုသိုလ်ဖြစ်ဆေးခန်း(ပဲခူး) ဟူ၍ ထပ်မံတိုးချဲ့ကာ ပရဟိတလုပ်ငန်းများကို
လုပ်ဆောင်နေပြီဖြစ်သည်။ သုခကုသိုလ်ဖြစ်ဆေးခန်း(ရန်ကုန်)အနေဖြင့်
သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည် ) အပြင် သုခကုသိုလ်ဖြစ်ဆေးခန်း(ပဲခူး)ဟူ၍
ဖွင့်လှစ်ကာ အများပြည်သူတို့၏ ကျန်းမာရေးအား (အခမဲ့) ကုသပေးနေပြီဖြစ်သည်။
သုခကုသိုလ်ဖြစ်ဆေးခန်း(ပဲခူး)တွင်
လုပ်အားပေးဆရာဝန် (၁၈) ဦးတို့မှ အလှည့်ကျ ကုသပေး ကာ ပဲခူးမြို့၊
ပြည်သူ့ဆေးရုံကြီးမှ သားဖွားသူနာပြုဆရာမများနှင့် သူနာပြုဆရာမများကလည်း
အစိုးရ ရုံးပိတ်ရက်ဖြစ်သော တနင်္ဂနွေနေ့တွင်အလှည့်ကျလာရောက်၍
ကုသိုလ်ဖြစ် ကူညီဖေးမကြမည် ဖြစ်သည်။သုခကုသိုလ်ဖြစ်ဆေးခန်း(ပဲခူး)ဟူ၍
ဖြစ်ပေါ်လာခြင်းမှာ သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည် )
ပေါ်ပေါက်လာပုံနှင့်
ဆင်တူယိုးမှားဖြစ်သည်။ လွန်ခဲ့သော (၂) နှစ်ခန့်ကမြန်မာပြည်အရပ်ရပ်တွင်
ရေရှား ပါးမှု ပြဿနာများဖြစ်ပေါ်လာ၍မြန်မာပြည်အလယ်ပိုင်းဒေသများအား ပြည်မြို့မှ
မိုးမေတ္တာပရဟိတ သွေးလှူအဖွဲ့ခေါင်းဆောင် ကိုညီညီအောင်နှင့်ကိုမိုးကြီးတို့
အကူအညီဖြင့် အဝီစိတွင်းများ တူးဖော်ခြင်း၊အုတ်ကန်များတည်ဆောင်ခြင်း၊
ရေပိုက်များသွယ်တန်းပေးခြင်း၊ ရေစုပ်စက်များ တပ်ဆင်ပေးခြင်း စသည့်
ကူညီဖေးမမှုများကို ပြုလုပ်ခဲ့ရာတွင်မိုးမေတ္တာပရဟိတ သွေးလှူအဖွဲ့၏
ပရဟိတစိတ်ဓါတ်ရှိခြင်း၊ငွေစာရင်းရှင်းတမ်းများအား
တိကျစွာပြန်လည်ရှင်းလင်းနိုင်ခြင်းတို့အပြင် ကိုယ်ကျိုးစွန့်၍ အများအကျိုးကို
ပေးဆပ်လိုသော စိတ်ဓါတ်များရှိခြင်းကြောင့် သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည် )ဟူ၍မွေးဖွားပေးနိုင်ခဲ့ခြင်း
ဖြစ်သည်။ ထိုနည်းတူစွာ မြန်မာပြည်အရပ်ရပ်တွင်ရေရှားပါးမှုကြောင့်
ရေတူးဖော်ပေးခြင်း၊ အုတ်ကန်၊ အဝီစိ၊ ရေပိုက် စသည့်ရေကုသိုလ်များကို
ပဲခူးတိုင်းတစ်ဝိုက် ပဲခူးမြို့နယ်ဝန်းကျင်တွင်ပြုလုပ်ပေးခဲ့ရာ
တွင် ဒေသခံလူမှုရေးသမားဖြစ်သော ကိုသူရိန်တို့အဖွဲ့အကူအညီဖြင့်
အများပြည်သူတို့အား ကူညီဖေးမ မှုများလုပ်ကိုင်နိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်
ယခုဆိုလျှင် ပဲခူးမြို့တွင် ကျန်းမာရေးချို့တဲ့၍ ဆေးဝါးကုသရန်
ခက်ခဲသော ဝေဒနာရှင်များအတွက် (အခမဲ့) ကုသပေးနိုင်ရန်သုခကုသိုလ်ဖြစ်ဆေးခန်း(ပဲခူး)
အား ဖွင့်လှစ်ပေးခဲ့ခြင်းပင်ဖြစ်သည်။
သုခကုသိုလ်ဖြစ်ဆေးခန်း(ပဲခူး)အား တစ်ပါတ်လျှင်
(၃) ရက် (ဗုဒ္ဓဟူး၊ သောကြာ၊ တနင်္ဂနွေ) နေ့ များတွင် နေ့လည်
(၁၂း၀၀) နာရီမှ ညနေ (၃း၀၀) နာရီအထိ
လုပ်အားပေးဆရာဝန်ကြီး (၁၈) ဦးတို့သည်ပဲခူးမြို့ ပရဟိတလူငယ်များဖြစ်သော
ကိုသူရိန်အဖွဲ့နှင့် ပူးပေါင်းကာအများပြည်သူတို့၏ ကျန်းမာရေးအား သူနာပြုသောဗုဒ္ဓ
ဟူသည့် ပုံတော်ပါမြတ်စွာဘုရား နှစ်သက်အားပေးခဲ့သော
လူနာများအား ကူညီဖေးမပြုစုကုသပေးခြင်းတည်းဟူသော
မြတ်ဗုဒ္ဓအလိုကျသော လုပ်ငန်းကြီးအားစတင်၍ထမ်းဆောင်နေပြီ
ဖြစ်တော့သည်။
ကျော်သူ
နာရေးကူညီမှုအသင်း(ရန်ကုန်)မ
သုခကုသိုလ်ဖြစ်ဆေးခန်း(ပဲခူ
သုခကုသိုလ်ဖြစ်ဆေးခန်း(ပဲခူ
ကျော်သူ







